Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မှော်ဘီ ပြည်လမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

၂၀၂၅၊အောက်တိုဘာလ၊၁၄ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်မှာ မနေ့က အောက်တိုဘာ ၁၃ ရက်၊ ည ၁၀ နာရီ ၁၉ မိနစ်ခန့်က ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။

သတင်းရရှိပြီးနောက် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်ခဲ့ကြရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး၊ အမျိုးသား (၂) ဦးမှာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကာ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူအားလုံးကို မေတ္တာမြိုင်ပရဟိတအသင်းရဲ့ သူနာတင်ယာဉ်နဲ့ မှော်ဘီမြို့ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရကြောင်း သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များရဲ့ မှတ်တမ်းများအရ သိရပါတယ်။

#mercury#mercurynews#ယာဉ်တိမ်းမှောက်#မြန်မာ#ပြည်တွင်းသတင်း