Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယခုအပတ်စားအုန်းဆီတစ်ပိဿကျပ်(၆၁၃၀)ဖြင့်ရောင်းရန်သတ်မှတ်၊ဈေးကစားလျှင် အရေးယူမည်ဟုဆို

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၂၈)ရက်

အခုအပတ် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် မှ ဩဂုတ် ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿ ကျပ်(၆၁၃၀)ဖြင့်ရောင်းဖို့ သတ်မှတ် ထားပါတယ်။

ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဈေးနှုန်းသတ်မှတ်ပေးတာဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်အတွင်း အဲဒီ့ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန် ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနရဲ့ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းရဲ့ Facebook Page တို့မှာ ဝင်ရောက်ကြည့်ရှုလေ့ လာနိုင်တယ် လို့ သိရပါတယ်။