ယနေ့ စက်တင်ဘာလ ၁၈ရက် ညနေပိုင်းမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည် နယ် (မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲ မိုးရွာနိုင်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာတော့ နေရာအနှံ့အပြား မိုးရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေတာကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သောကြောင့် သတိပြုကြဖို့လဲ အကြံပြုထားပါတယ်။
ယနေ့အတွက် နေပြည်တော်၊ရန်ကုန်၊မန္တလေး နဲ့ အနီးတစ်ဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသနှင့်ဇလဗေဒ#မိုးလေဝသသတင်း