ယနေ့မနက်အစောပိုင်း ၁နာရီ ၅၀မိနစ်ခန့်က သစ္စာလမ်း၊တ/ဥရဲစခန်းဘေး၊ဘုရားလမ်းမှာ ကားတစ်စီးက ဓာတ်တိုင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာရှိခဲ့ပြီး လက်ရှိမှာ မေတ္တာသီတာရေစင် အရေးပေါ်လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ညအချိန်မတော်ယာဉ်တိုက်မှုတွေဟာ ယခင်နှစ်တွေကထက် ပိုမိုများလာပြီး လူသေဆုံးမှုတွေ၊ဒဏ်ရာရရှိမှုတွေဟာ ရာခိုင်နှုန်းတစ်ခုအထိ နှစ်စဉ်မြင့်တက်နေဆဲဖြစ်တယ်လို့ စစ်တမ်းများအရသိရပါတယ်။
#mercury#mercurynews#မြန်မာ#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း