——————————————————————-
မုတ်သုံလေနဲ့ လေပွေလှိုင်းအရှိန်တွေကြောင့် ဒေသတော်တော်များများမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်တာ၊သဘာဝဘေးတွေ့တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားပါတယ်။
ဒီနေ့ညနေမှဇွန်(၁၆)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း၊ ကချင် ၊ ကယား ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာနေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး နိုင်တယ်လို့သတိပေးထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လို့ မြစ်နားကမ်းနား၊တောင်အနီး မှာနေထိုင်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ သတိပေးထားပါတယ်။
#mercury#mercurynews#မြန်မာ#ရာသီဉတု#မိုးလေဝသ#ပြည်တွင်းသတင်း