Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယနေ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် မြန်မာကို လာမည်

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟာဆန် (Mr. Mohamad Hasan) ဟာ မြန်မာနိုင်ငံကို ယနေ့ အောက်တိုဘာလ ၉ ရက်နေ့၊ နေ့ချင်းပြီး အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်လည်ပတ်မှာ ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ က ကျင်းပခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လာရောက်တာဖြစ်တယ်လို့ မလေးရှားဘက်က ဖော်ပြပါတယ်။

မစ္စတာ မိုဟာမက် ဟာဆန်ဟာ ခရီးစဉ်အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ဝန်ကြီးချုပ် ဦးညိုစော၊နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့နဲ့ တွေ့ဆုံသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

#mercury#mercurynews#မလေးရှား#မြန်မာ#တွေ့ဆုံ