ဒုတိယအသုတ်အဝေးသင်ဝိဇ္ဇာအထူးပြုစာမေးပွဲများ ကို ဒီကနေ့(အောက်တိုဘာလ(၂၄)ရက်နေ့ကစတင်ဖြေဆိုနေပြီဖြစ်တယ်လို့သိရပါတယ်။
ဝိဇ္ဇာအထူးပြုဘာသာတွဲတွေဖြစ်တဲ့အဂ်လိပ်စာ၊ဉပဒေ၊ပထဝီ၊အရှေ့တိုင်းပညာ၊ဒဿနိကဗေဒဘာသာရပ်စာမေးပွဲများကိုအောက်တိုဘာလ(၂၄)ရက်နေ့ကနေအောက်တိုဘာ(၃၀)ရက်နေ့အထိကျင်းပသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ဒဂုံအဝေးသင်တက္ကသိုလ်က ကျောင်းသားတစ်ဦးက”ဒီနေ့စဖြေတာပါ။ဒီနှစ်ဝင်ရောက်ဖြေဆိုသူကအရင်နှစ်ကထက်တော်တော်များတယ်။အနီးကပ်သင်တန်းတွေမှာဆို ကျောင်းနောက်ကျရင်ထိုင်စရာနေရာတောင်မရဘူး”လို့ Mercury Newsကိုပြောပါတယ်။
တတိယအသုတ်အဝေးသင်ဝိဇ္ဇာအထူးပြုဘာသာရပ်တွေဖြစ်တဲ့မြန်မာစာ၊သမိုင်း၊စီးပွားရေးပညာ၊စီးပွားစီမံပညာဘာသာရပ်စာမေးပွဲတွေကို နိုဝင်ဘာလ(၁၃)ရက်နေ့ကနေ(၂၁)ရက်နေ့အထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
#mercury#mercurynews#အဝေးသင်#မြန်မာ#VPN#ပြည်တွင်းသတင်း
