၂၀၂၅၊ဩဂုတ်လ၊၆ရက်
ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားပြီဆိုတဲ့သတင်းမှာ မှန်ကန်မှု မရှိကြောင်း၊ဩဂုတ်လ ၆ရက် လက်ရှိအချိန်ထိ အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ ဆေးကုသမှုခံယူနေရတယ်လို့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောဆိုပါတယ်။
အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဩဂုတ် ၅ ရက်မှာ ယာယီသမ္မတဦးမြင့်ဆွေရဲ့ လက်ရှိကျန်းမာရေး အခြေအနေဟာ အထူးစိုးရိမ်ဖွယ် ဖြစ်ပြီး အထူးကြပ်မတ် ကုသမှု ခံယူနေရတယ်လို့ ထုတ်ပြန်ထားတာပါ။
ယနေ့ ဩဂုတ်လ ၆ရက်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားပြီဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့လာခဲ့ပြီး အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမှားဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။