၂၀၂၅၊ဖေဖော်ဝါရီလ၊၂၇ရက်
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဥက္ကလံမြို့မှာ ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မြန်မာပြည်ဖွား အသက် ၇၃ နှစ် အရွယ် ဒေါ်စန်တူမာယာရဲ့ နာမည်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ အဲဒီလမ်း နာမည် အဖြစ် ဒေသန္တရာ အာဏာပိုင်တွေက သတ်မှတ်လိုက်ပါတယ်။
လမ်းနာမည်သတ်မှတ် ဝမ်းနည်းခြင်းအခမ်းအနားကို ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး မူလ လမ်းနာမည် ဗစ်ဇဘတ်လမ်း အစား စန်တူမာယာ လမ်းအဖြစ် တရားဝင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အသက် ၇၃ နှစ် အရွယ် မြန်မာပြည်ဖွား ဒေါ်စန်တူမာယာဟာ ၂၀၂၃ ခုနှစ် ဇွန် ၁၆ ရက် နေ့က ယာဥ်မောင်း သမားတဦးရဲ့ မဆင်မခြင် မောင်းနှင်မှု ကြောင့် လမ်းပေါ်မှာတင် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဓါတ်ပုံ-Ko Thet Htwe Naing -Freelance Journalist
#mercury#mercurynews#မြန်မာ#အမေရိကန်#လမ်းနာမည်သတ်မှတ်

