Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယူကရိန်းကသဘောတူညီမှုမလုပ်ပါကစစ်ရေးရည်မှန်းချက်အောင်မြင်အောင် ဆက်တိုက်မည်ဟု ပူတင်ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ရပ်ကို လက်မခံပါက ရုရှားရဲ့ စစ်ရေးရည်မှန်းချက်အားလုံးကို အောင်မြင်အောင် ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောလိုက်ပါတယ်။

ရုရှားသမ္မတ ပူတင်က “ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံဖို့ ဖြစ်နိုင်ခြေကို ကျွန်တော် ဘယ်တော့မှ ပယ်ချခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အကျိုးရှိပါ့မလား။ စောင့်ကြည့်ဖို့ လိုပါတယ်လို့ “ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လိုတွေ့ဆုံမှုမျိုးမဆို အကျိုးရလဒ်တွေရဖို့ ပြင်ဆင်မှုလိုအပ်ပြီး ဇလန်းစကီးအနေနဲ့ မော်စကိုကို အချိန်မရွေး လာရောက်နိုင်တယ်လို့လည်း ပူတင်က ဆိုပါတယ်။

ယူကရိန်းဘက်ကတော့ ပူတင်ရဲ့ မော်စကိုကို လာရောက်ဖို့ဖိတ်ခေါ်မှုဟာ မဖြစ်နိုင်တာကို သိသိကြီးနဲ့ ပြောနေတာဖြစ်ပြီး သမ္မတဇလန်းစကီးကလည်း ပူတင်ရဲ့ တွေ့ဆုံဖို့ ငြင်းဆန်တာကို ထောက်ပြပြီး ထရမ့်ကို ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့နဲ့ ယူကရိန်းရဲ့ ကာကွယ်ရေးကို မြှင့်တင်ပေးဖို့ တောင်းဆိုနေပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#ယူကရိန်း#ရုရှား