Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယူကရိန်းမှ ရုရှားရေနံချက်စက်ရုံနှစ်ရုံကို တိုက်ခိုက်၊ တစ်နှစ် ရေနံတန်ချိန် ၁၉ သိန်းကျော် ထုတ်လုပ်နိုင်သည့် စခန်းများ ထိခိုက်

၂၀၂၅၊အောက်တိုဘာလ၊၃၁ရက်

ယူကရိန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ရုရှားနိုင်ငံရဲ့ အဓိကရေနံချက်စက်ရုံနှစ်ရုံကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ရေနံချက်စက်ရုံနှစ်ရုံဟာ တစ်နှစ် စုစုပေါင်း ရေနံတန်ချိန် ၁၉ သိန်းကျော် ထုတ်လုပ်နိုင်စွမ်းရှိတဲ့ စက်ရုံတွေဖြစ်ပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ စက်ရုံတွေဟာ အူလ်ရမ်နော့စ်ဒေသက နိုဗိုစပါစကီ ရေနံချက်စက်ရုံနဲ့ ဗောလ်ဂါဒေသက မာရီ ရေနံချက်စက်ရုံတို့ဖြစ်ပါတယ်။နိုဗိုစပါစကီ ရေနံချက်စက်ရုံက တစ်နှစ်ကို ရေနံတန်ချိန် အနည်းဆုံး ခြောက်သိန်း ထုတ်လုပ်နိုင်စွမ်းရှိပြီး မာရီ ရေနံချက်စက်ရုံက တစ်နှစ်ကို ရေနံတန်ချိန် ၁၃ သိန်းကျော် ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။

ထို့အပြင် ယူကရိန်းတပ်ဖွဲ့များက စတာဗ်ရိုပိုဒေသရှိ ဓာတ်ငွေ့ပြုပြင်ထိန်းသိမ်းရေးစခန်းကိုလည်း တိုက်ခိုက်ခဲ့ကာ စစ်ဆင်ရေးရလဒ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုများကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#ရုရှား#ယူကရိန်း#ရေနံ