ယူကရိန်းနှင့် ရုရှားတို့ ကြား ဒုတိယအကြိမ်အဖြစ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ အပစ်ရပ်ရေးအပေါ် သဘောတူမှု မရနိုင်ပဲ အကျဉ်းသားလဲလှယ်ရေးသဘောတူချက်နှင့်သာ အဆုံးသတ်သွားခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲမှာ ယူကရိန်းဘက်က “ချွင်းချက်မရှိ အပစ်ရပ်ရေး” အတွက် ရက် ၃၀ ကြည်း၊ ရေ၊ လေ ရပ်ဆိုင်းမှုကို အဓိကထားကမ်းလှမ်းခဲ့သော်လည်း ရုရှားဘက်က ထပ်မံပယ်ချခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ရုရှားဘက်က ကတင်ပြမှုမှာ ရှေ့တန်းတချို့နေရာများတွင် ၂ ရက် သို့မဟုတ် ၃ ရက်စာ အပစ်ရပ်နိုင်တယ် ဆိုသော်လည်း အသေးစိတ်မဖော်ပြခဲ့ပါဘူး။
ဒါပေမယ့် နှစ်နိုင်ငံအကြား သေဆုံးသွားတဲ့ စစ်သား ၁၂,၀၀၀ရဲ့ ရုပ်အလောင်းများကို ပြန်လဲရန်နဲ့ ဒဏ်ရာထိခိုက်သူများ၊ စိတ်ကျန်းမာရေးမကောင်းသူများ၊အသက် ၂၄ နှစ်အောက်အကျဉ်းသားများကို အပြန်အလှန်လဲလှယ်ရန် သဘောတူထားကြောင်း သိရပါတယ်။ ယူကရိန်းဘက်ကလည်း ရုရှားမှ ဖမ်းဆီးခေါ်ဆောင်သွားသော ယူကရိန်းကလေးများစာရင်းကို တင်ပြပြီး ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ပါတယ်။
နောက်ထပ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇွန် ၂၀ မှ ၃၀ အတွင်းပြုလုပ်ရန်စီစဉ်ထားပြီး၊ ယင်းအစည်းအဝေးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးနှင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်မည့်အလားအလာရှိကြောင်း သတင်းများမှဖော်ပြထားကြပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#ရုရှား#ယူကရိန်း#ပြည်တွင်းသတင်း