Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ မှာ မန်ယူနဲ့စပါး ဂိုးပြတ်အနိုင်ရ

၂၀၂၅၊မေလ၊၂ရက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ မှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ စပါးတို့ အသီးသီး အနိုင်ရသွားခဲ့ပါတယ်။

မန်ယူနိုက်တက်က စပိန်လာလီဂါ ကလပ် ဘီဘာအိုလ်ကို အဝေးကွင်းမှာ သုံးဂိုးပြတ်အနိုင်ရခဲ့သလို စပါးအသင်းကလည်း ပြင်သစ် လီဂူးကလပ် ဘော်ဒိုးအသင်းကို အိမ်ကွင်းမှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပရီးမီးယားလိဂ်ကလပ်နှစ်သင်းလုံး ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို ရောက်ဖို့ ရာခိုင်နှုန်းများသွားပြီလို့ အားကစား ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

#mercury#mercurynews#manu#spur#အားကစားသတင်း