Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရက်ပိုင်းအတွင်းပိုပူပြင်းလာမည့် မြို့များရှိနေ

——————————–

၂၀၂၆ခုနှစ်၊ဧပြီလ၊(၂)ရက်

အခုရက်ပိုင်းအတွင်းမှာ နေ့အပူချိန်တွေ ပိုပူပြင်းလာမယ့် ဒေသ(၉)ခုရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အဖြစ် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တိုမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး

အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။