Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရက်ပိုင်းအတွင်းမန္တလေး၊စစ်ကိုင်း၊ရန်ကုန်နှင့်ဒေသတော်တော်များများ၌

မိုးထစ်ချုန်းရွာမည်၊မိုးကြီးမည်

———————————————————————————————-

၂၀၂၅ခုနှစ်၊မေလ၊(၁၃)ရက်

အခုရက်ပိုင်း မေလ ၁၃ ရက် မှ မေလ ၁၉ ရက်အတွင်း မန္တလေး၊စစ်ကိုင်းမှာ မိုးထစ်ချုန်းရွာသွန်းဖို့ရှိတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။

မေလ ၁၃ ရက် ညနေပိုင်း၊ညပိုင်းမှာ ကပ္ပလီပင်လယ်ပြင်အတွင်း အထက်အမြင့်ပေ (၅၀၀၀)မှာ လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)ဖြစ်ပေါ်လာနိုင်သလို ဖြစ်ပေါ်လာ နိုင်တဲ့ အထက်လေပွေလှိုင်းဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး မေလ ၁၇ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ် လာနိုင်တယ်လို့ဆိုပါတယ်။

အဲဒီလို ပင်လယ်ပြင်အခြေအနေတွေရှိတဲ့အတွက် မန္တလေးတိုင်းအတွင်းမှ ဒေသအချို့ ဖြစ်တဲ့ ပုဂံညောင်ဦး၊မြင်းခြံ၊ကျောက်ပန်းတောင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ချောင်းဦးစတဲ့ဒေသအချို့မှအပ ကျန်ဒေသအားလုံးမှာ “မေလ ၁၃ ရက် မှ မေလ ၁၉ ရက်အတွင်း” မိုးရွာနိုင်ချေ ရာခိုင်နှုန်း ၉၀ နှင့်အထက်ရှိနေကြောင်းတွေ့ရတယ်လို့ ဖော်ပြ ထားပါတယ်။

ဒီ့အပြင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ မုတ်သုံလေ ဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်း ကြောင့်လည်းကောင်း၊မေလ(၁၃)ရက်ညနေမှ မေလ(၂၀)အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ် စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

#Mercury#mercurynews#မြန်မာ#မိုးလေဝသ#ပြည်တွင်းသတင်း