Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရက် ၃၀ အပစ်ရပ်ရေးကို သဘောတူမှသာ သမ္မတပူတင်နဲ့ ဆွေးနွေးမယ်လို့ ဇလန်စကီး ပြော

၂၀၂၅၊မေ၊၁၂ရက်

ရုရှား သမ္မတ ပူတင်ရဲ့ မေလ ၁၅ရက်နေ့ မတိုင်ခင် ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးလိုတယ် လို့ ပြော လိုက်တဲ့ အပေါ် ယူကရိန်း သမ္မတ ဇလန်စကီး က ရက် ၃၀ အပစ်ရပ်ရေး သဘောတူမှာသာ ပူတင်နဲ့ ဆွေးနွေးမယ်လို့ ပြောလိုက် ပါတယ်။

“ကျွန်‌တော်တို့ အနေနဲ့ ရုရှားဘက်က အပစ်အခတ် ရပ်စဲရေးကို (ရက် ၃၀) အတည်ပြုဖို့ မျှော်လင့်ပါတယ်.။ဒါဟာ ပြည့်စုံပြီး ရေရှည်တည်တံ့ ယုံကြည် စိတ်ချတဲ့ ရတဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်လာမှာပါ။သမ္မတပူတင်သာ လက်ခံရင် မနက်ဖြန်တောင် စဆွေးနွေးလို့ပါတယ်”လို့ ယူကရိန်းသမ္မတ ဇလန်စကီးကလည်းပြောပါတယ်။

ယူကရိန်း သမ္မတ ဇီလန်စကီးရဲ့ အဓိကအကြံပေး ဖြစ်တဲ့ အန်ဒရီ ယာမက် ကလည်း စစ်ပွဲ အဆုံး သတ်ရေး အတွက် တိုက်ရိုက်ဆွေးနွေးမှုတွေ မလုပ်ခင် အပစ် အခတ် ရပ်စဲရေး ရှိရမယ်လို့ ပြောထားပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#ရုရှား#ယူကရိန်း