Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရခိုင်၊ ကျောက်ဖြူအနီးပင်လယ်ပြင်အတွင်းဗဟိုပြုပြီး အင်အား (၅.၁) အဆင့်ငလျင်လှုပ်

———————————–

၂၀၂၅ခုနှစ်၊မေလ၊(၁၉)ရက်

ရခိုင်၊ ကျောက်ဖြူအနီးပင်လယ်ပြင်အတွင်းဗဟိုပြုပြီး အင်အား (၅.၁) အဆင့်ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၄၅)မိနစ်၊ (၂၆)စက္ကန့် အချိန်မှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၉၀)ခန့် ကွာဝေးသော မြန်မာ့ပင်လယ်ပြင် (ကျောက်ဖြူမြို့ရဲ့တောင်ဘက် (၂၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၀၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၈) ဒီဂရီ၊ အနက် (၂၃) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ဆိုပါတယ်။

အခုလိုရခိုင်မှာ (၅.၁) အဆင့်ရှိငလျင်လှုပ်ပြီးနောက် တကျော့ပြန် ငလျင်ကြီးတွေထပ်လှုပ်မှာကို ဒေသခံအချို့ကစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

#mercury#mercurynews#ငလျင်#ပြည်တွင်းသတင်း