Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တက္ကသိုလ်တွင် ရေသတ္တဝါမွေးမြူရေးဆိုင်ရာဒီပလိုမာဖွင့်မည်

—————————————————————————-

၂၀၂၅ခုနှစ်၊မေလ၊(၂၈)ရက်

ရန်ကုန်တက္ကသိုလ်မှာ ရေသတ္တဝါမွေးမြူရေးဆိုင်ရာဒီပလိုမာဖွင့်ဖို့ရှိပြီး မေလ(၂၇)ရက်မှ မေလ(၃၀)ရက်အထိလျှောက်လွှာတွေ လက်ခံနေပြီဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလ(၉)လ၊သင်တန်းကြေး (၄)သိန်းကျပ်နဲ့ ဇွန်လ(၁)ရက်မှာစတင်မှာဖွင့်လှစ်မှာဖြစ်ပြီး စနေ၊တနင်္ဂနွေနေ့မနက်(၉)နာရီမှ(၄)နာရီ အထိတက်ရောက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီ့သင်တန်းကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ရန်ကုန်တက္ကသိုလ်ရဲ့အစီအစဉ်နဲ့ ရန်ကုန်တက္ကသိုလ် ငါးလုပ်ငန်းပညာမှ ဖွင့်လှစ်တာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၊ ငါးလုပ်ငန်းပညာရုံးခန်း 09420177563သို့ လာရောက်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။

#mercury#mercurynews#မြန်မာ#ရန်ကုန်တက္ကသိုလ်#ပြည်တွင်းသတင်း