ရန်ကုန်တိရစ္ဆာန်ဥယျာဥ်အတွင်းမှာ Mini Buggy နဲ့ E-Bike စီးနိုင်ပြီလို့ သိရပါတယ်။
သဘာဝအလှတရားတွေနဲ့ ကျယ်ပြန့်လှတဲ့ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) အတွင်း နေရာအသီးသီးကို ပေါ့ပေါ့ပါးပါးဖြင့် နှံ့နှံ့စပ်စပ် လည်ပတ်နိုင်စေဖို့အတွက် ဥယျာဥ် အတွင်း Mini Buggyနဲ့ E Bike ငှားခြင်း ဝန်ဆောင်မှုတို့ ထပ်တိုး ရရှိနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ဆောင်ခတွေအနေနဲ့ Mini Buggy မိနစ် (၃၀) လျှင် ၈,၀၀၀ ကျပ် ( ကလေးသို့မဟုတ်လူကြီး ၃ ဦးအထိ စီးနိုင်ပါသည်)
E-Bike မိနစ် (၃၀) လျှင် ၅,၀၀၀ ကျပ်ဖြင့်ငှားရမ်းနိုင်တယ်လို့ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် )ကထုတ်ပြန်ထားပါတယ်။
#mercurynews#ebike#ပြည်တွင်းသတင်း#ရန်ကုန်တိရစ္ဆာန်ဥယျာဥ်