———————————————————————————————
၂၀၂၅ခုနှစ်၊မေလ၊(၂၉)ရက်
ရန်ကုန်တိုင်းမှာ မိုးသည်းထန်တဲ့အတွက် ဓာတ်တိုင်ပေါ်သစ်ပင်လဲကျခြင်း၊လမ်းများပေါ် သစ်ပင်လဲကျခြင်း၊ရေကျော်ခြင်းများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မေလ(၂၈)ရက်၊ညနေပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သီတာလမ်းတွင် ဓာတ်တိုင်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပါတယ်။
မေလ(၂၈)ရက်၊ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်၊ ကော့မှူး- ဝါးဘလောက်သောက်လမ်းမှာ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့တာနဲ့ ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်၊ ကော့မှူး- ဝါးဘလောက်သောက်လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဒဂုံပင်လုံအိမ်ရာမှာလည်း ညနေတိုင်းရေများတက်ပြီး ကားတွေထားစရာမရှိတာ၊အိမ်ထဲရေဝင်တာတွေ ဖြစ်ပေါ်နေတယ်လို့ သရုပ်ဆောင်ခင်ဇာခြည်ကျော်ကဖော်ပြထားပါတယ်။
#mercury#mercurynews#မြန်မာ#ရာသီဉတု#ပြည်တွင်းသတင်း