————————————————————————
ရန်ကုန်တိုင်းမှာ အခုနှစ်အတွက် ကျောင်းအပ်နှံတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ(၁၀)သိန်း(၆)သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်သတ်မှတ်ခဲ့ပြီး ကျောင်းအပ်နှံမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူဦးရေ ၁၀၃၆၁၀၅ ဦးရှိတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မူလတန်းကျောင်း ၁၆၈၀၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်း၊ အထက်တန်းကျောင်း ၄၀၉ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၂၃၂ ကျောင်း ဖွင့်လှစ်ထားရှိပါတယ်။
မနှစ်က၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံသူဦး ရေ ၁၀၃၄၆၆၉ ဦးရှိခဲ့ပြီး အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံမှု စာရင်းအရ ကျောင်းအပ်နှံသူဦးရေ ၁၀၃၆၁၀၅ ဦးရှိလို့ ကျောင်းအပ်နှံသူတွေပိုများလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးရဲ့ စာရင်းနဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။
#mercury#mercurynews#မြန်မာ#ပညာရေး#ပြည်တွင်းသတင်း