Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်း ပုံမှန်ထက်ရေပိုကြီးနိုင်၍ သတိထားရန်လို

————————————————————–

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၇)ရက်

ရန်ကုန်တိုင်းမှာ ပုံမှန်နှစ်တွေထက်ရေပိုကြီးနိုင်တယ်လို့ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သိရပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံအောက်ပိုင်းပဲခူးအထိ မြစ်ရေတွေကြီးလာ ဆင်းလာနေပြီဖြစ်ပြီး ပဲခူးရေကြီးပြီးရင် ရန်ကုန်ရေကြီးတတ်တဲ့အစဉ်အလာတွေရှိတာကြောင့် သတိထားဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။

‘’နှစ်စဉ်ပဲခူးမှာရေကြီးပြီးရင် ရန်ကုန်မှာရေကြီးတတ်လို့ သတိထားဖို့လိုပါတယ်။ အထက်ပိုင်းက မြစ်ရေ တွေဟာ အောက်ပိုင်းကို စီးဆင်းလာတဲ့အချိန်မှာ ရန်ကုန်မှာ နှစ်စဉ် ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ရေကြီးလေ့ရှိပါတယ်။ဒီနှစ်မှာပိုဆိုးတာက ရန်ကုန်မြစ်ရေ ဒီရေတက်မယ့်ရက်တွေလည်းရှိတော့ အပေါ်ကနေက မြစ်ရေတွေဆင်းလာမယ့်အချိန်နဲ့ ဒီရေတွေတက်မယ့်အချိန်တွေတစ်ထပ်တည်းဖြစ်သွား မှာစိုးရိမ်ရတယ်။အဲဒါဆို ပုံမှန်ရေကြီးနေကျထက် ပိုကြီးနိုင်တယ်”လို့ ရှင်သန်ရေးကူညီမှုအသင်းဥက္ကဌ၊ ဦးထွန်းထွန်းဦးက Mercury Newsကိုပြောပါတယ်။

ရန်ကုန်တိုင်းမှာနှစ်စဉ်ရေကြီးနေကြဖြစ်တဲ့ မှော်ဘီ၊တိုက်ကြီး၊ခရမ်းမြို့နယ်တွေ ဒဂုံမြို့သစ်မြို့နယ်တွေ အနေနဲ့ အထူးသတိထားနေထိုင်ကြဖို့နဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ၊မြစ်နားကမ်းနားနေထိုင်သူတွေ ကြိုတင်ပြောင်းရွှေ့နေထိုင်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့အနေနဲ့လည်းရေကြီးတဲ့သဘာဝဘေးကယ်ဆယ်ရေးအတွက် လှေတွေနဲ့ ကြိုတင်ကယ်ဆယ်ရေးတွေ ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

#mercury#mercurynews#မြစ်ရေ#ပြည်တွင်းသတင်း#ရန်ကုန်

Oplus_131072