Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင်ပဲခူးငလျင်ကြီးတစ်ကျော့ပြန်လှုပ်ခတ်နိုင်ခြေရှိ၍ နေအိမ်အဆောက်အအုံများကြံ့ခိုင်အောင်ဆောင်ရွက်ထားရန်လို

——————————————————

၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၀)ရက်

အခုရက်ပိုင်းမှာ မန္တလေးမှာငလျင်လှုပ်ခတ်မှုတွေအပြင် ရန်ကုန်မှာလည်း မနေ့ကဇန်နဝါရီလ(၂၀)ရက်က တိုက်ကြီးနဲ့ညောင်တုန်းမှာဗဟိုပြုပြီး အင်အား (၄.၅)အဆင့်ရှိ ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။

ရန်ကုန်နဲ့ပဲခူးမှာ ပဲခူးငလျင်ကြီးတစ်ကျော့ပြန်လှုပ်ခတ်နိုင်ခြေရှိလို့သတိပြုဖို့လိုအပ်တယ်လို့ ငလျင်ပညာရှင်တွေ ကသတိပေးထားပါတယ်။

‘’မြန်မာနိုင်ငံဟာ ၁၉၃၀ခုနှစ်မှာ လှုပ်ရှားခဲ့တဲ့ ပဲခူးငလျင်ကြီးဟာဆိုရင် နှစ်ပေါင်း(၁၆၀)ပြည့်မှာ တစ်ကျော့ပြန်လှုပ်ရှားနိုင်တယ်ဆိုတာ နှစ်(၁၆၀)ပြည့်မှာမဟုတ်ဘူး။နှစ်(၇၀)ပြည့်လည်းလှုပ်နိုင်နှစ်(၈၀)ပြည့်လည်း လှုပ်နိုင်တယ်နှစ်(၉၀)ပြည့်လည်းလှုပ်နိုင်တယ်။အခုအခါမှာ နှစ်ပေါင်း(၉၀)ကျော်လာပြီ (၁၀၀)နီးပါးဖြစ်လာပြီဆိုတော့ သတိပြုသင့်တယ်ဆိုတာ အခုမှပြောတာမဟုတ်ဘူး ဟိုးအရင်ကတည်းက ကျွန်တော်တို့ပြောခဲ့တယ်’’လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားထားပါတယ်။

ရန်ကုန်မှာ ငလျင်ကြီးတစ်ကျော့ပြန်လှုပ်ခတ်နိုင်ခြေရှိလို့ မိမိတို့ရဲ့နေအိမ်အဆောက်အအုံတွေကြံ့ခိုင်မှုရှိအောင် ကြိုတင်ပြင်ဆင်တည်ဆောက်ထားကြဖို့နဲ့ ငလျင်မလှုပ်ခင်၊လှုပ်ပြီးဆောင်ရန်ရှောင်ရန်အချက်တွေနဲ့ အရေးပေါ်ဆက်သွယ်ကူညီနိုင်တဲ့ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးထားတယ်လို့ သိရပါတယ်။

ပုံ-မန္တလေး ငလျင် လှုပ်ခဲ့စဉ်က ယခင်ပုံ