ရန်ကုန်မှာအခုရက်ပိုင်းမိုးဆက်ရွာနေလို့ ငမိုးရိပ်ရေလှောင်တမံရေပြည့်လာတယ်လို့ သက်ဆိုင်ရာဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ငမိုးရိပ်ရေလှောင်တမံဟာ ရေပြည့်အမှတ်၁၀၇ပေရှိရာမှာ စက်တင်ဘာလ(၂၄)ရက်မှာ ရေပြည့်အမှတ် ၁၀၆.၉၀ပေရှိလာပြီး ရေပြည့်အမှတ်ရောက်ဖို့ ၀.၁၀ပေသာလိုတော့တယ်လို့ ဆိုပါတယ်။
ကျန်မဟူရာရေလှောင်မံ ပေါင်းလောင်းရေလှောင်တမံတွေလည်း ရေပြည့်အမှတ်ရောက်ဖို့ နီးလာကြောင်းနဲ့ နှစ်စဉ် မိုးရေချိန်ပျှမ်းမျှ၁၀၀.၀၀ လက်မရွာသွန်းလေ့ရှိရာ ဒီနေ့အချိန်အထိ မိုးရေချိန်၈၉.၉၀လက်မ ရွာသွန်းပြီးဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ရန်ကုန်#ပြည်တွင်းသတင်း