Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင်အသစ်ဆောက်မည့် ‘အနုပညာဗဟိုဌာန’ကို ငလျင်အင်အား

(၈)အဆင့်ထိခံနိုင်ရည်ရှိအောင်တည်ဆောက်မည်ဟုဆို

————————————————————————————

၂၀၂၅ခုနှစ်၊မေလ၊(၂၄)ရက်

အသစ်တည်ဆောက်မယ့် ရန်ကုန်မြို့၊မင်းဓမ္မလမ်းရှိ အနုပညာဗဟိုဌာနကြီးကို ငလျင်အင်အား ရစ်တာစကေး(၈)အဆင့်အထိခံနိုင်ရည်ရှိအောင်တည်ဆောက်ပြီးနိုင်ငံတကာပွဲများပါကျင်းပနိုင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။

‘‘Structure ပါအတိုင်း အဆင့်တိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန အရည်အသွေး စစ်ဆေး ရေးအဖွဲ့ (QC Team)က အလေးထားစစ်ဆေးသွားရေး၊ QC Report တင်ပြပေးရေး လိုက်နာဆောင်ရွက်မှုမှတ်တမ်းထားရှိ စစ်ဆေးကြီးကြပ်ရေး၊ ငလျင်ရစ်(ခ်)တာစကေး ၈ ဒသမ ၀ ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ရေး’’တို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါတယ်။

အဲဒီ့ အနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေး မှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မှာဖြစ် တယ်လို့ဆိုပါတယ်။

အဲဒီ့အဆောက်အအုံကို ၂၀၁၆ ခုနှစ် မတ်၂၈ ရက်မှာ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံရဲ့ Foundation နဲ့ Steel Structure သံတိုင်တွေ စိုက်ထူထားတဲ့ Skeleton Phase-1 အဆင့် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#အနုပညာ#ပြည်တွင်းသတင်း