Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင် မိုးပုရစ်ကြော်များရောင်းအားကောင်းနေ

———————————————————————————————-

၂၀၂၅ခုနှစ်၊မေလ၊(၁၄)ရက်

ရန်ကုန်မှာ အခုရက်ပိုင်း မိုးပုရစ်တွေရောင်းအားကောင်းနေပြီး မိုးပုရစ်ကြော်ပြီးရောင်းချတဲ့ တပိုင်တနိုင်လုပ်ငန်းတွေလုပ်ကိုင်သူများလာတယ်လို့ သိရပါတယ်။

မိုးပုရစ်ကြော်အကောင်(၁၀၀)ကို ၂၈၀၀၀ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေပြီး ပဲပုရစ်အကောင်ကြီးကြော် တွေကို အကောင်(၁၀၀)ကို ၂၃၀၀၀ကျပ်ဝန်းကျင်နဲ့ရောင်းချနေကြတာဖြစ်ပါတယ်။

မိုးပုရစ်တွေကို ဆီ၊ချေး၊အစာအိမ်သန့်(၃)သန့်သန့်စင်ပြီးရေနိုင်နိုင်ဆေးကာ အချိုမှုန့်၊ယင်ကောင်မနားဆေးတွေ မထည့်ဘဲသန့်ရှင်းလတ်ဆတ်စွာရောင်းချနေသူတွေလည်းရှိသလို အချိုမှုန့်တွေနဲ့ မသန့်တဲ့ ပုရစ်ကြော်တွေလည်း ရှိလို့ သတိပြုစားသုံးသင့်တယ်လို့သိရပါတယ်။

#mercury#mercurynews#ပုရစ်ကြော်#ပြည်တွင်းသတင်း