၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁၄)ရက်
ရန်ကုန်မြို့မှာ ခေါင်းမူးပြီး အောက်ဆီဂျင်ကျတဲ့လူနာအချို့ဆေးရုံပို့ဆောင်ပေးရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှသိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က အောက်ဆီဂျင်ကျတဲ့အမျိုးသမီးကိုလည်းကောင်း၊ ဒလမြို့မှ အောက်ဆီဂျင်ကျလူနာကိုလည်းကောင်း အောက်ဆီဂျင်ကျပြီးခေါင်းမူးလို့ ဆေးရုံတွေ ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။
‘‘ပြီးခဲ့တဲ့လနဲ့ အခုလထဲမှာ အောက်ဆီဂျင်ကျပြီးမူးလဲတဲ့ လူနာအချို့ကိုတော့ ဆေးရုံပို့ ဆောင်ပေးရတာရှိပါတယ်။ကျွန်တော်တို့အနေနဲ့ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန် ထားတဲ့အတိုင်းလက်အိတ်တို့ နှာခေါင်းစည်းတို့နဲ့ သယ်ယူပို့ဆောင်ပေးနေပါတယ်။ ကိုဗစ်လိုအောက်ဆီဂျင်ကျလူနာတွေများတာမျိုးတော့မရှိသေးပါဘူး”လို့ ရှင်သန်ရေး ကူညီမှုအသင်းဥက္ကဌဦးထွန်းထွန်းဦးက ပြောပါတယ်။
အခုရက်ပိုင်းမိုးအေးလို့ညပိုင်းတွေမှာ နွေးနွေးထွေးထွေးနေထိုင်ဖို့လိုအပ်ပြီး အအေးမိ ဖျားနာမဖြစ်အောင်နေရန်လိုအပ်တယ်လို့ သိရပါတယ်။