Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)က Laptopကို လူငယ်တစ်ဦးကဝင်ရောက်ခိုးယူမှုဖြစ်ပွား

၂၀၂၅၊စက်တင်ဘာလ၊၃၀ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဒီနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက်ပိုင်းက ဝန်ထမ်းတစ်ဦးတည်းရှိနေချိန် ရုံးခန်းအတွင်းက Laptop (HP – ခဲရောင်) တစ်လုံး ခိုးယူခံခဲ့ရကြောင်း သိရပါတယ်။

ခိုးယူခံရတဲ့ အဆိုပါ Laptop ဟာ ရိုးရိုး Laptop တစ်လုံးမဟုတ်ဘဲ မျက်မမြင်ကလေးငယ်များအား သင်္ချာပုံများ ရေးဆွဲရာမှာ အထောက်အကူပြုမယ့် ပြည်တွင်းမှာ မရနိုင်တဲ့Tactile Software ထည့်သွင်းထားပြီး၊ နိုင်ငံခြားအလှူရှင်ရဲ့ အကူအညီနဲ့ ပြည်ပနိုင်ငံက ဝယ်ယူထားတဲ့ One User Software ဖြစ်ပါတယ်။

အဆိုပါ Laptop ကို ဘယ်သူမဆို လာရောက်ရောင်းချတာမျိုးသို့မဟုတ် တွေ့ရှိပါက ၀၉၇၉၆၆၁၆၁၀၇ (ဒေါ်ဂျူးအယ်ဖော)ဆီ ဆက်သွယ် အကြောင်းကြားပေးဖို့ အကူအညီတောင်းထားပါတယ်။