ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမအပြင်ဘက်မှာ ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ပေါက်ကွဲမှုဟာ စက်တင်ဘာလ ၁၆ ရက်နေ့၊ မနက် ၆ နာရီ ၅၀ မိနစ် စည်ပင်သာယာရေးကော်မတီရုံးနဲ့ မြို့တော်ခန်းမကြားရှိ သစ်ပင်အောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တာဝန်ရှိသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနဲ့ ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူးလို့သိရပြီး လက်ရှိအချိန်မှာတော့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကို လုံခြုံရေးကြောင့် လူအဝင်အထွက် ကန့်သတ်ထားတယ်လို့ သိရပါတယ်။