ဗီယက်နမ်နိုင်ငံ အငယ်စားလေးကို ရောက်နေသလို vibe မျိုးနဲ့ 𝐕𝐢𝐞𝐭𝐧𝐚𝐦-𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐞 𝐅𝐚𝐢𝐫 𝟐𝟎𝟐𝟓”𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧” ပွဲလေး ရန်ကုန်မြို့မှာကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာလ(၁၀)ရက်ကနေ(၁၂)ရက်အထိ ရန်ကုန်အင်းလျားလိတ်ဟိုတယ် 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧𝐂𝐞𝐧𝐭𝐫𝐞 မှာကျင်းပဖို့ရှိတယ်လို့ဆိုပါတယ်။
𝐕𝐢𝐞𝐭𝐧𝐚𝐦-𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐞 𝐅𝐚𝐢𝐫 𝟐𝟎𝟐𝟓 မှာ ထပ်မံပါဝင်လာတဲ့ အစီအစဉ် ကတော့ ဗီယက်နမ်နိုင်ငံနဲ့မြန်မာနိုင်ငံက ခရီးသွားအေဂျင်စီတွေအတွက် အခွင့် အလမ်းတစ်ခုဖြစ်လာမယ့် “𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧” ဆိုတဲ့ (72 Sqm) ကျယ်ဝန်းတဲ့ ခရီးသွားပြခန်း Pavilion တစ်ခုကို ဒီနှစ် 𝐕𝐌𝐓𝐅 𝟐𝟎𝟐𝟓 မှာ ထပ်တိုး ထည့်သွင်းထားပါတယ်။
ဗီယက်နမ် မြန်မာ အစားအသောက်တွေကို ကျွေးမွေးဧည့်ခံတာ ရွှေပွဲလာများ အတွက် ဗီယက်နမ်ရိုးရာဝတ်စုံနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်နိုင်တာနဲ့ ဗီယက်နမ်ကို ခရီး သွား ဖူးတဲ့သူတွေရော မသွားဖူးတဲ့သူတွေရော ပါဝင်နိုင်မဲ့ ဂိမ်းအစီအစဉ်တွေ ပါဝင်ပါမယ်။
ဒီ 𝐓𝐫𝐚𝐯𝐞𝐥 𝐕𝐢𝐞𝐭𝐧𝐚𝐦 𝐏𝐚𝐯𝐢𝐥𝐢𝐨𝐧 မှာ ပါဝင်ပြသသူတွေအတွက် နိုင်ငံတကာ ခရီးသွားပြပွဲများကလို တမူထူးခြားတဲ့ ကောင်တာအမြင့်ဒီဇိုင်းမျိုးနဲ့ ဝင်ရောက် ပြသနိုင်ဖို့ စီစဉ်ထားပြီး 09 424 484 364 ကိုဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
#mercury#mercurynews#ပြည်တွင်းသတင်း#ဗီယက်နမ်#မြန်မာကုန်စည်ပြပွဲ