Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မြို့တွင် အမေရိကန်အပါအဝင်နိုင်ငံ(၈)နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာပွဲများ ဆင်နွှဲမည်

————————————–

၂၀၂၅ခုနှစ်၊မေလ၊(၇)ရက်

ရန်ကုန်မြို့မှာအမေရိကန်အပါအဝင် နိုင်ငံ (၈)နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာCultural Connection ပွဲတွေကိုမေလ(၁၆)ရက်ကနေ(၂၅)ရက်အတွင်း ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီမေလမှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတွေရဲ့ သံရုံးတွေနဲ့ ယဉ်ကျေးမှုစင်တာတွေဟာ သက်ဆိုင်ရာနိုင်ငံအကြောင်းကို လေ့လာနိုင်ဖို့အတွက် မည်သူမဆိုကို တံခါးတွေဖွင့်ထားပြီး ကြိုဆိုနေကြမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးကနေဖော်ပြထားပါတယ်။

တမူထူးခြားတဲ့ ဓလေ့ထုံးစံတွေကို ရှာဖွေလေ့လာကြပါ၊ အဆက်အသွယ်အချိတ်အဆက်အသစ်တွေ ပြုလုပ်ကြပါ၊ ပြီးတော့ အစားအသောက်၊ ဂီတ၊ အနုပညာနဲ့ တခြားစိတ်ဝင်စားဖွယ်ကဏ္ဍများစွာနဲ့အတူ နိုင်ငံတကာယဉ်ကျေးမှုမှာ ခံစားပျော်ဝင်ကြမှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူတွေအနေနဲ့သံရုံး/စင်တာတစ်ခုခုကိုဖြစ်စေ ဒါမှမဟုတ် အကုန်လုံးကို ဖြစ်စေ သွားရောက်လည်ပတ်ခဲ့မယ်ဆိုရင် မည်သူမဆိုကို တံခါးဖွင့်ကြိုဆိုနေမယ့် ဒီနေရာတိုင်းက သင်တို့အတွက် တမူထူးခြားတဲ့ တွေ့ကြုံခံစားမှု၊ ထိတွေ့ဆက်ဆံမှုနဲ့ စူးစမ်းလေ့လာခွင့်တွေကို ပေးမှာဖြစ်ပြီးကျင်းပမယ့် နေရာအသီးသီးအတွက် နေ့ရက်နဲ့ အစီအစဉ်အသေးစိတ်အပါအဝင် နောက်ဆုံးရအချက်အလက်တွေကို သိနိုင်ဖို့အတွက် US Embassy Rangoon Page မှာကြည့်ရသူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#Mercury#ပြည်တွင်းသတင်း#mercurynews#yangonMyanmar#usembassyrangon