Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးမီးပွိုင့်တွင် ယာဉ်တိုက်မှုကြောင့် လူ ၁ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးမီးပွိုင့်မှာ ဒီနေ့ မနက် ၆ နာရီခန့်က ဈေးကားနဲ့ Box ကားတို့ တိုက်မိမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ နဝဒေးမီးပွိုင့်မှာ Box ကားနဲ့ ဈေးကားတို့ တိုက်မိခဲ့ရာ ဈေးကားမှာ တိမ်းမှောက်သွားခဲ့ပြီး ဈေးကားပေါ်ပါလာတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ၁၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါတယ်။

အခင်းဖြစ်ပွားရာနေရာကို မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း၊ လှိုင်လူမှုကူညီရေးအသင်း၊ ကောင်းမှုဆောင်လူမှုကူညီရေးအသင်းနဲ့ မိတ်ဖက်အသင်းဝင်များ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို မြေပြင်မှာ ကုသမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#mercury#mercurynews#မြန်မာ#မှုခင်း#ပြည်တွင်းသတင်း