ရန်ကုန်မြို့ ရဲ့လေထုဟာ အနီရောင်အဆင့်တွင်ရှိတယ်ဟုလို့ EHS myanmar က ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲတိုင်းတာချက်အရ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) မှာ အနီရောင်အဆင့် (Unhealthy) မှာ တည်ရှိနေတာဖြစ်ပါတယ်။
” US AQI 155 နှင့် PM2.5 level 61.9 µg/m³ ဖြင့် IQAir ဖော်ပြချက်အရ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၂၀) သို့ရောက်ရှိနေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ မသန့်သောလေရှုရှိုက်မိပါက နှလုံး နှင့် အဆုတ်ကို ထိခိုက်စေနိုင်ပြီးရောဂါအခံရှိသူများ၊ ကလေးသူငယ်များ နှင့် အသက်အရွယ်ကြီးသူများအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အနေအထားဖြစ်ပါတယ်” လို့EHS Myanmar က ထုတ်ပြန်ထားပြီးအပြင်ထွက်မည့်သူများအနေနဲ့ PM2.5 ကာကွယ်နိုင်မည့် Mask များ မဖြစ်မနေ တပ်ဆင်သွားလာသင့်ပါကြောင်း EHS myanmar က အကြုံပြုထားပါတယ်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်ကလည်း ရန်ကုန်မြို့ရဲ့လေထုအညွန်းကိန်းမှာ အနီရောင်အဆင့်တွင် ရှိနေခဲ့ပြီး ကမ္ဘာ့အဆင့် ၂၁ တွင် ရှိနေခဲ့ပါသေးတယ်။
