ဩဂဲနစ်၊GAP နဲ့ သဘာဝနည်းစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံတွေ၊ဟင်းသီးဟင်းရွက် တွေ၊ ထုတ်ကုန်တွေကို ရောင်းချမယ့်Safe Food from Safe Farm Marketကို စက်တင်ဘာလ(၁၃)ရက်က စလို့ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ကြီးမှူးဖွင့်လှစ်တဲ့ Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး) ကို ရန်ကုန်မြို့ရှိ မြေပဒေဿာကျွန်း၊ ကန်တော်ကြီးမှာပြန်လည် ဖွင့်လှစ်တာဖြစ်ပါတယ်။
“ဒီဈေးကို အရင်ကဖွင့်ခဲ့ဖူးတယ်။ covidကြောင့်ပိတ်လိုက်ရတာဖြစ်ပါတယ်။အခုမှ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဒီSafe Food from Safe Farm market မှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူတွေရဲ့ ဘေးကင်းစိတ်ချရတဲ့ အစားအသောက်ထုတ်ကုန်တွေရရှိနိုင်မှာဖြစ်ပါတယ်”လို့Safe Food from Safe Farm market ပြန်ဖွင့်လှစ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ရဲ့အတွင်းရေးမှူးဦးတင်အောင်က ပြောကြားထားပါတယ်။
လတ်လတ်ဆတ်ဆတ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် နဲ့ ပန်းတွေကိုဝယ်ယူလိုသူတွေ အနေနဲ့ ကန်တော်ကြီး မြေပဒေသာကျွန်းမှာအပတ်စဉ်စနေ၊တနင်္ဂနွေနေ့တိုင်း Safe Food from Safe Farm market မှာ သွားရောက် ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။
#mercurynews#ပြည်တွင်းသတင်း#Safefoods#SafeFarming#မြေ