Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်-နေပြည်တော် အမြန်လမ်းမပေါ် Express ယာဉ် အင်ဂျင်အပူလွန်ကဲပြီး မီးလောင်

၂၀၂၅၊အောက်တိုဘာလ၊၁၆ရက်

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈၄/၀) အနီးမှာ အောက်တိုဘာ ၁၅ရက်၊ ည ၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည်တင် Express ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သတင်းရရှိတာနဲ့ တစ်ပြိုင်နက် သာဂရအမြန်လမ်းမီးသတ်စခန်းနဲ့ ပလွေးအမြန်လမ်းမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် တစ်စီးစီ စုစုပေါင်း (၂) စီး ထွက်ခွာခဲ့ပြီး မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်ခဲ့ကြပြီး နံနက် ၁၂ နာရီ ၁၃ မိနစ်မှာ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် စုစုပေါင်း (၁၅) ဦး (အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၅ ဦး)ဟာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ ရရှိမှုမရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မြန်မာ#ယာဉ်မီးလောင်#ပြည်တွင်းသတင်း