Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရ

၂၀၂၅၊ဒီဇင်ဘာလ၊၁ရက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယနေ့ နံနက် (၅) နာရီ (၁၀) မိနစ်အချိန် ခန့်က နေပြည်တော်ကနေ ရန်ကုန်ဘက်ကို ဦးတည်တဲ့ လမ်းကြောင်းပေါ်၊ မိုင်တိုင်အမှတ် (၆၉/၂)မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ် (၁) စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၅) ဦး စုစုပေါင်း (၆) ဦးအနက် အမျိုးသမီး (၄) ဦးဟာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ် (၁၉၂) နဲ့ မြို့ချောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း မိးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#ရန်ကုန်#အမြန်လမ်း#ပြည်တွင်းသတင်း