Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရိုနယ်ဒို ကမ္ဘာ့ဖလားခြေစစ်ပွဲ သွင်းဂိုးအများဆုံး ကစားသမားစံချိန်သစ် တင်နိုင်ခဲ့သော်လည်း ပေါ်တူဂီ သရေကျပြီး ကမ္ဘာ့ဖလားဝင်ခွင့်မရသေး

၂၀၂၅၊အောက်တိုဘာလ၊၁၅ရက်

ခရစ္စတီယာနို ရိုနယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် (၂) ဂိုး သွင်းယူပေးခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

သို့ပေမယ့်လည်း ပေါ်တူဂီအသင်းဟာ ဟန်ဂေရီအသင်းနှင့် (၂-၂) ဂိုး သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိရန်အတွက် ထပ်မံစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ အခုပွဲမတိုင်မီက ကားလိုစ့် ရုဇ် (Carlos Ruiz) နှင့်အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ စုစုပေါင်းသွင်းဂိုး (၃၉) ဂိုးစီနဲ့ ပူးတွဲစံချိန်တင်ထားတဲ့ အနေအထားတွင် ရှိခဲ့ပြီး အခု ဟန်ဂေရီနှင့်ပွဲမှာ သွင်းယူခဲ့တဲ့ (၂) ဂိုးကြောင့် ရိုနယ်ဒိုရဲ့ စုစုပေါင်းသွင်းဂိုးဟာ (၄၁) ဂိုး အထိ ရောက်ရှိသွားခဲ့ပြီး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားသစ်အဖြစ် တစ်ဦးတည်း ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်အရွယ် ရလာပေမယ့်လည်း ခြေစွမ်းမကျသေးကြောင်း ပြသနေတဲ့ ရိုနယ်ဒိုဟာ ပေါ်တူဂီအသင်းကို ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ရောက်နိုင်ရန် ဦးဆောင်နေသော်လည်း၊ အခု သရေရလဒ်ကြောင့် ခြေစစ်ပွဲအောင်မြင်ရေးအတွက် နောက်ဆုံးပွဲစဉ်များကို ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

#mercury#mercurynews#ရိုနယ်ဒို#အားကစား#ပေါ်တူဂီ