———————————–
၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၃)ရက်
၂၀၂၆ ခုနှစ် ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အားကစားသမား ၇,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
ငါးနှစ်ကြာ ရပ်နားထားခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် ရိုးမ – ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ ပြန်လည်ကျင်းပခဲ့ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ မြန်မာနိုင်ငံက နာမည်ကျော်ကြားတဲ့ အဆိုတော်စိုင်းစိုင်းခမ်းလိုင်၊အလှမယ်ဟန်လေးတို့အပါအဝင် အလွာအသီးသီးက အားကစားဝါသနာပါသူတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲအား ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၉ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊
အပြေးအားကစားအား ပြည်သူတွေ ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း/ပြည်ပမှ စိတ်ဝင်စားမှုရရှိရန်နဲ့ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ကြောင်းနဲ့ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ (၂၁ ကီလို)၊ (၁၀ ကီလို)နဲ့ (၅ ကီလို) ပြိုင်ပွဲတွေကို နံနက် ၅ နာရီအချိန်မှာ စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
