Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီ ရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်

၂၀၂၅၊မေလ၊၁၀ရက်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နာမည်ကျော် နည်းပြ ကားလို့စ် အန်ဆလော့တီဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာတော့မယ်လို့ သိရပါတယ်။

Sky Italiaသတင်းဌာနရဲ့ ဖော်ပြချက်အရ အန်ဆလော့တီဟာ ပြီးခဲ့တဲ့ အယ်ဂလက်စီကို ဒါဘီ အပြီးမှာ ဒီဆုံးဖြတ်ချက်ကို ချထားခဲ့တာဖြစ်ပြီး မကြာခင်မှာ တရားဝင်ကြေညာသွားဖို့ ရှိနေပါတယ်။

အန်ဆလော့တီ ထွက်ခွာသွားပြီးနောက်ပိုင်းမှာ လေဗာကူဆင်နည်းပြ၊ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဇာဗီအလွန်ဆိုက နည်းပြသစ်ဖြစ်လာဖို့ အနီးစပ်ဆုံး ရှိနေပါတယ်။

လေဗာကူဆင်နည်းပြ ဇာဗီအလွန်ဆိုဟာလည်း ရာသီကုန်မှာ လေဗာကူဆင်ကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ Sky Italiaသတင်းဌာနက တစ်ဆက်တည်း ဖော်ပြပါတယ်။

#mercury#mercurynews#လေဗာကူဆင်#ရီးရဲလ်#အားကစားသတင်း