ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆလော့တီဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာမှာဖြစ်ပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်တော့မယ်လို့ သိရပါတယ်။
နည်းပြအန်ဆလော့တီက ဘရာဇီးလ် လက်ရွေးစင်အသင်းကို မေလ အကုန်မှာ စတင်တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး ဘရာဇီးလ် ဘောလုံးအသင်းနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ မျှော်လင့်ထားတယ်လို့ သတင်းတွေကဖော်ပြပါတယ်။
အီတလီလူမျိုး နည်းပြ အန်ဆလော့တီဟာ ဘရာဇီးလ် ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံး နိုင်ငံခြားသားနည်းပြလည်း ဖြစ်လာပါတယ်။
#mercury#mercurynews#ရီးရဲလ်မက်ဒရစ်#brazil