လာမယ့်အောက်တိုဘာလ(၁၃)ရက်မှာ (၁၀၅)ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်နေ့နဲ့ (၄၈)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ကျင်းပဖို့ရှိတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရပါတယ်။
‘’အောက်တိုဘာလ(၁၃)ရက်မှာရုပ်ရှင်နေ့အခမ်းအနားကျင်းဖို့ရှိပါတယ်။အဲဒီ့နေ့မှာပဲရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပ ပြီးရုပ်ရှင်လောကသက်ကြီးဘိုးဘွားတွေကိုပူဇော်ကန်တော့ဖို့ရှိပါတယ်။လက်ရှိမှာတော့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ရုပ်ရှင်သက်ကြီးဦးရေ(၁၄၀)ကျော်ကိုပူဇော်ကန်တော့သွားဖို့ရည်မှန်းထားပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌဦးအေးကြူလေးက Mercuryကိုပြောပါတယ်။
ရုပ်ရှင်သက်ကြီးတစ်ဦးကို အစည်းအရုံးအနေဖြင့်ကျပ်(၂)သိန်းစီနဲ့ဆေးဝါးအပါအဝင် လှူဖွယ်ပစ္စည်းတွေ ၊ရုပ်ရှင်လောကသားတွေ၊ထုတ်လုပ်သူတွေ၊ရုပ်ရှင်ရုံတွေနဲ့အလှူရှင်တွေရဲ့လှူဒါန်းမှုငွေသား၊လှူဖွယ်ပစ္စည်းတွေကို လှူဒါန်းသွားဖို့ရှိပြီး စတုဒိသာတွေလည်းကျွေးမွေးလှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။
Photo -ရုပ်ရှင်အစည်းအရုံး
#mercury#mercurynews#ရုပ်ရှင်#မြန်မာ#ပြည်တွင်းသတင်း