၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၃၁)ရက်
ပြီးခဲ့တဲ့ ဇူလိုင်(၃၀)ရက်ဗုဒ္ဓဟူးနေ့က ရုရှားအရှေ့ဖျား ကမ်ချပ်ကာကမ်းလွန်တွင် ပြင်းအား ၈.၈ အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ရာ ပြင်သစ်ပိုင် ပိုလီနီးရှားနှင့် ချီလီနိုင်ငံများအထိ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက်ရှိ နိုင်ငံများစွာမှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး၊ ဒေသအချို့မှာလှိုင်းကြီးများ ဝင်ရောက်ရိုက်ခတ်ခဲ့ပါတယ်။
ကမ်ချပ်ကာကျွန်းဆွယ်ကိုယ်တိုင်မှာ ဆူနာမီလှိုင်းတွေဟာ ၃ မီတာမှ ၅ မီတာ (၁၀-၁၆ ပေ) အထိ မြင့်မားခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြထားပါတယ်။ ငလျင်ကြောင့် အဆောက်အအုံအချို့ ပျက်စီးကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။
အဲဒီ့ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ ကမ်ချပ်ကာကျွန်းဆွယ်ပေါ်ရှိ မီးတောင်တစ်ခုလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ပင်လယ်ရေအောက်ပိုင်းမှာ လှုပ်ခတ်ခဲ့သော ဒီငလျင်ကြောင့် ဝေးလံခေါင်သီသည့် ရုရှားဒေသရှိ အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ပြင်းအား ၉.၀ အဆင့်ရှိ ငလျင်နှင့် ဆူနာမီကြောင့် ပျက်စီးခဲ့ဖူးတဲ့ ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသ အများစုနဲ့ ဟာဝိုင်အီရဲ့ အချို့ဒေသတွေကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#ရုရှား#ဆူနာမီ#နိုင်ငံတကာသတင်း