ရုရှားမောင်းသူမဲ့လေယာဉ်တွေ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ NATO က ‘Eastern Sentry’ စစ်ဆင်ရေးကို စတင်လိုက်တယ်လို့ CNNသတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ
အခုသီတင်းပတ်အတွင်း ပိုလန်လေပိုင်နက်ထဲသို့ ရုရှားဒရုန်းတွေ ကျုးကျော်ဝင်ရောက်ပြီးနောက် ဥရောပရဲ့အရှေ့ဘက်ခြမ်းကို ကာကွယ်ရေးကို အားဖြည့်ရန် နေတိုးအဖွဲ့မှ စတင်လုပ်ဆောင်ခဲ့တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် Mark Rutte က စက်တင်ဘာလ(၁၂)ရက်သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
“Eastern Sentry” စစ်ဆင်ရေးကို လာမယ့်ရက်တွေမှာ စတင်မှာဖြစ်ပြီး ဒိန်းမတ်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေမှ ပိုင်ဆိုင်မှုများ ပါဝင်မှာဖြစ်ကြောင်း Rutte မှ ပြောကြားခဲ့ပါတယ်။
“Eastern Sentry ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ဟန်အနေအထားမှာ ပျော့ပြောင်းမှုနဲ့ ခွန်အားကို ပေါင်းထည့်မှာဖြစ်ပြီး ခံစစ်မဟာမိတ်အနေဖြင့် ကျွန်ုပ်တို့ဟာ အမြဲတမ်းခုခံကာကွယ်ရန် အသင့်ရှိကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြမယ်” လို့ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။