Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရုရှား-ယူကရိန်း အရေး ဆွေးနွေးဖို့ ထရမ့်နှင့် ပူတင် ဟန်ဂေရီ၌ တွေ့ဆုံမည်

၂၀၂၅၊အောက်တိုဘာလ၊၁၇ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။မနေ့က ပြုလုပ်ခဲ့တဲ့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုအတွင်း “ကြီးမားတဲ့ တိုးတက်မှုများ” ရရှိခဲ့သလို ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့တော်မှာ တွေ့ဆုံရန် နှစ်ဦးသဘောတူခဲ့ခြင်း ဖြစ်ပါတယ်။

ကရင်မလင်နန်းတော်ဘက်ကလည်း အဆိုပါ ဖုန်းခေါ်ဆိုမှုကို “အလွန်ပွင့်လင်းပြီး ယုံကြည်မှုရှိသည့်” ဆက်သွယ်မှုအဖြစ် ဖော်ပြခဲ့ပြီး၊ ထိပ်သီးအစည်းအဝေးအတွက် လုပ်ငန်းစဉ်များကို “ချက်ချင်း” စတင်မယ်လို့ ကြေညာခဲ့ပါတယ်။

သမ္မတထရမ့်က သူရဲ့ Truth Social စာမျက်နှာမှာ ယူကရိန်းစစ်ပွဲ ပြီးဆုံးတဲ့အခါ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးကိစ္စများကိုပါ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြောင်း ရေးသားခဲ့ပါတယ်။လာမယ့်ရက်သတ္တပတ်မှာ နှစ်နိုင်ငံမှ “အဆင့်မြင့် အကြံပေးများ” တွေ့ဆုံကြမှာဖြစ်ပြီး၊ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးဆောင်မယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒီနေ့ သောကြာနေ့မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးဟာ အိမ်ဖြူတော်သို့ လာရောက်ရန် စီစဉ်ထားပြီး သမ္မတထရမ့်က မနေ့က ပူတင်နဲ့ဆွေးနွေးခဲ့တဲ့ “ကြီးမားသော တိုးတက်မှု” များအကြောင်းကို ဇလန်စကီးကို ဒီနေ့မှာ အသိပေးပြောကြားသွားမယ်လို့ ဆိုပါတယ်။

#mercury#mercurynews#ရုရှား#ယူကရိန်း#အမေရိကန်#နိုင်ငံတကာသတင်း