Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရောင်စဉ်လှိုင်း Band ၏ မန်နေဂျာ ကိုစိုးသီဟကွယ်လွန်

————————————-

၂‌‌၀၂၅ခုနှစ်၊ဇွန်လ၊(၁၂)ရက်

ရောင်စဉ်လှိုင်း Band ရဲ့ မန်နေဂျာ ကိုစိုးသီဟ ဇွန်လ(၁၁)ရက်မှာ ကွယ်လွန်သွားတယ်လို့ ဂီတလောကသားတွေထံမှ သိရပါတယ်။

“11 နာရီ 37 မိနစ် 11.6.2025 ရက်နေ့မှာ

သူချစ်တဲ့ မိသားစုနဲ့ ဂီတလောကကိုနှုတ်ဆက်ထွက်ခွာကွယ်လွန်ကြောင်း သိရတဲ့အတွက်

မိသားစုနှင့်ထပ်တူ ၀မ်းနည်းရပါတယ်”လို့ သူရဲ့ မိတ်ဆွေတစ်ဦးကဖော်ပြထားပါတယ်။

“ကိုစိုးသီဟ(ရောင်စဥ်လှိုင်း)အခုည၁၁နာရီ၃၅မိနစ်ကအသည်းကင်ဆာနဲ့စိန်ဂျွန်းကုတင်၅၀၀ဆေးရုံကွယ်လွန်သွားပါသဖြင့်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်။သူငယ်ချင်းကောင်းရာမွန်ရာရောက်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်”လို့ ဂစ်တာနိုင်ဇော်ကလည်း ဝမ်းနည်းမှတ်တမ်းရေးသားဖော်ပြထားပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း