Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွှေဆိုင်တွင်(၁)ကျပ်သားရွှေဆွဲကြိုးအတုနှင့်အစစ် လဲယူသွား

——————————————

၂၀၂၅ခုနှစ်၊မေလ၊(၃)ရက်

ရွှေဆိုင်တစ်ခုမှာ (၁)ကျပ်သားရွှေဆွဲကြိုးအတုနှင့်အစစ် လဲယူသွားတာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့မှာဖွင့်ထားတဲ့ကိုဝိတင်ရတနာရွှေဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးမှ ရွှေလာဝယ်ချင်ယောင်ဆောင်ရင်းလဲသွားတာဖြစ်ပါတယ်။

“(၁)ကျပ်သားကြိုး အတုနဲ့ အစစ်နဲ့ လဲ သွားတဲ့ အမပါ …။သိတဲ့သူရှိရင် messenger ကို ပြောပေးပါရှင့် … အခြားဆိုင်တွေလဲ သတိထားလို့ရအောင်ပါ ။သူက အဲ့ထက်ကြီးတာပါ ထုတ်ပြခိုင်းတာ …။ လက်ထဲမှာ ပိုက်ဆံထုတ်လဲ ပါလာပါတယ် …။ လူကလဲ အပြည့်ပဲ … မထင်ရက်စရာပါ …”လို့ ကိုဝိတင်ရတနာရွှေဆိုင်Pageမှာတင်ထားပါတယ်။

အခုတစ်လောမှာ ရွှေဆိုင်တွေလုယက်ခံရ၊ဖောက်ထွင်းခံရတာအပြင် အခုလို ရွှေအစစ်နဲ့အတု လဲယူတာတွေပါဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ဝိတင်#ပြည်တွင်းသတင်း

May be an image of 1 person and accordion