၂၀၂၅၊နိုဝင်ဘာလ၊၇ရက်
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေပြည်သာဘူတာနဲ့ စက်မှုဇုံဘူတာကြားမှာ ရထားသံလမ်းကို ခေါင်းခင်း အိပ်နေတဲ့ သားအဖ၂ဦး ရထားတိုက်ခံခဲ့ရပြီး ဖခင်ဖြစ်သူမှာ အခင်းနေရာမှာဘဲ သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။
ရထားလမ်းမိုင်တိုင် ၂၁ နဲ့ ၂၂ ကြားမှာ သံလမ်းကို ခေါင်းအုံးအိပ်ပျော်နေစဉ် ရထားလမ်းဘေးအနီးနေသူ သားအဖနှစ်ဦး ရထားကြိတ်ခံရပြီး ဖခင်ဖြစ်သူမှာ ဦးခေါင်းပြတ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ(၆) ရက်နေ့ ညနေပိုင်းအချိန်က ရထားလမ်းမိုင်တိုင် ၂၁ နဲ့ ၂၂ ကြားမှာ ခေါင်းအုံးအိပ်ပျော်နေတဲ့ သားအဖနှစ်ဦး ရထားကြိတ်ခံရပြီး ဖခင်ဖြစ်သူမှာ ဦးခေါင်းပြတ်ပြီး သေဆုံးခဲ့ကာ ကလေးဖြစ်သူမှာ ဦးခေါင်းကို ထိခိုက်ခဲ့ပေမယ့် အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်သိရပါတယ်။
သေဆုံးသူရုပ်အလောင်းကိုတော့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းက ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ (ရွှေမေတ္တာ လူမှုကူညီရေးအသင်း)
