Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွှေပြည်သာမြို့နယ်၊ ပေါ်တော်မူလမ်းပေါ်တွင် Wifi ကြိုးများ မီးလောင်မှုဖြစ်ပွား

၂၀၂၅၊နိုဝင်ဘာလ၊၁၀ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက်၊ ပေါ်တော်မူလမ်းမှာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်က Wifi ကြိုးများ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်ရာ နေရာကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် ကြိုးအချို့ ပျက်စီးဆုံးရှုံးမှုမှအပ ကြီးမားတဲ့ ထိခိုက်မှုများ မရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မြန်မာ#မီးလောင်#ပြည်‌တွင်းသတင်း