ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အနီးရှိ သံဖြူဆိုင်မှတ်တိုင်မှာ အောက်တိုဘာလ ၂၈ ရက် ညပိုင်းက ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ Toyota Belta အမျိုးအစား ကားတစ်စီးဟာ လမ်းဘေးမှာ ရပ်နားထားတဲ့ ခြောက်ဘီးကားတစ်စီးကို ဝင်ရောက်တိုက်မိခြင်း ဖြစ်ကာ ရွှေမေတ္တာလူမှုရေးကူညီမှုအသင်းက တာဝန်ရှိသူများ သွားရောက်ကူညီခဲ့ကြပြီး ယာဉ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး နေရာမှာပင် သေဆုံးခဲ့ပြီး ကျန် အမျိုးသမီးနှင့် အမျိုးသား လူနာ (၂) ဦးတို့ကို We Love Care လူမှုရေးကူညီရေးအသင်းပိုင် ယာဉ်နဲ့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။
#mercury#mercurynews#ယာဉ်တိုက်မှု#မြန်မာ#ပြည်တွင်းသတင်း
