Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

၂၀၂၅၊ဇွန်လ၊၂၄ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဇွန်လ ၂၂ ရက်နေ့က အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အောင်ပန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်အတွင်းက ကိုလင်းဆိုတဲ့အမျိုးသားတစ်ဦးဟာ အခန်းတံခါးကို ပိတ်ပြီး ပြတင်းပေါက်အပြင်ဘက်တွင် ကြိုးဆွဲချ သေဆုံးနေခဲ့ခြင်းဖြစ်တယ်လို့ နာရေးကူညီမှုအသင်း (အောင်ပန်း) မှ သိရပါတယ်။

သေဆုံးသူ ကိုလင်းဟာ မကွေးတိုင်း၊ ကြာကန်ရွာတွင် နေထိုင်သူဖြစ်ပြီးအလောင်းကို သွားရောက်ယူဆောင်ချိန်တွင် တောင့်တင်းနေပြီဖြစ်တာကြောင့် ဇွန်လ ၂၁ ရက် နံနက်ပိုင်းကတည်းက ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်နိုင်တယ်ဟု ကူညီပေးသူတစ်ဦးက ပြောပါတယ်။

အခန်းအတွင်းက သေဆုံးသူရဲ့ ကျန်ရစ်ပစ္စည်းများကို ရဲစခန်းက သိမ်းဆည်းထားပြီး၊ အခန်းအတွင်းမှာ အရက်၊ ဘီယာ သောက်သုံးထားသည်ကို တွေ့ရှိခဲ့ရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို အောင်ပန်းဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးစစ်ပြီးမှသာ သ

ဂြိုလ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။။

#mercury#mercurynews#မှုခင်း#မြန်မ#ပြည်တွင်းသတင်း